Thursday, October 19, 2023

ဆုတောင်း ဆုပေး

ဆုပေး

အလှူခံဆုပေး

သဒ္ဓါသီလ သုတပြည့်ဖြိုး ဂုဏ်တန်ခိုးလည်း အမျိုးလေးဖော် သတင်း ကျော်လျှက် သူတော်တို့နှုန်း ကျင့်ထုံးတရား အမှားမလိုက် စရိုက်စင်ဖြူ အလှူရေစက် လက်နှင့်မကွာ
ရှစ်ဖြာဥပုသ် မယုတ်ကြိုးစား လေးပါးဗြဟ္မစိုရ် ရွန်းရွှန်းစိုသည် ကုသိုလ်ကိုယ်လုံးထုံစေသော်ဝ်။

အလှူခံဆုပေး

သုံးလူ့ထွဋ်မြတ်ဘဂဝါ၏ ဇာတ်သာဓကရင်းအ‌‌ခြေခံ၍မို့
မင်းဝေဿန် မဒီ အလှတို့လို ကြည်ဟာဒယ ဝံ့ရဲစွာဖြင့်
စွန့်ကြဲကာ သဒ္ဓါမျှကြ သော ဒါယိကာ ဒါယိကာမ အ‌လှူ့ရှင်တို့မှာ အတုမမြင်အဘက်မရနိုင်ပဲ အနဂ္ဃအကျိုးစုံပြီးလျှင် တန်ခိုးဂုဏ် သိဒ္ဓိဗလတို့နှင့် စိတ်ရှိသမျှအကြံ‌ အောင်၍‌‌ေခမာသောင်ကမ်းတစ်ဘက် လှမ်းတက်တော်မူနိုင်ကြပါ စေ ခင်ဗျား

အလှူခံဆုပေး

ဘဝါဘဝပြောင်းကာကြွ   ကောင်းရာတမျှသုဂတိဘုံသို့ ယခုပြည့်စုံမကြာရအောင် အသပြာဓနပေါကြွယ်ဝသည့် ဇောတိက အနာထပိဏ်တို့လို ရတနာစိန်‌ဌေးကြွယ်ဝပြီးလျှင်  ဘေးအသွယ်မခ အသွင်ပမာတူပေသော ရှင်ပါကူ ရောဂါ ကင်းဘိသကဲ့သို့ ဩဘာသတင်း မြေအက်ကြွလောက်အောင် ဧတဒဂ်ရ ရှင်သာရိပုတ္တရာ ဆုအဟုန်ရကြ၍ လူ့ဘုံမှအလျှံပြည့်‌ဝေမှအပြင် အန္တိမေ အဆက်မပွားပဲ မဂ်တရားစောစွာကြံ၍
သောတာပန်ဖြစ်တော်မူနိုင်ကြပါစေ ခင်ဗျား

Monday, October 16, 2023

အလှူခံဆုပေး။

သိမှတ်စရာ ဘုရားစကားများကြားပြီး 
ဝိပဿနာတရားပွါးများအားထုပ်ကာ 
ဂုဏ်အင်လျှံ၍ ဗိမ္မာန်စဉ်
ဘုံစဉ်စံ ၍ နိဗ္ဗာန်ဝင်နိုင်ကြပါစေ။   ။

အလှူခံဆုပေးတို

စိတ်သွားရာ ကိုယ်ပါ လိုရာဆန္ဒ ပြည့်ဝေလွှမ်းလို့
နိဗ္ဗူတာ မဂ်စခန်း တက်လှမ်းနိုင်ကြပါစေ

အလှူခံဆုပေးအတို

အပါယ်တံခါးပိတ်ကာ စိတ်အကြံ အောင်၍ နိဗ္ဗာန်အောင်မြို့ ဖောင်ကူးတို့ ဆိုက်ကပ်ရပ်နားနိုင်ကြပါစေ 

အလှူခံဆုပေး

သဒ္ဓါနှင့်ပညာ ရှင်မကွာပူးတွဲ၍ ထူးကဲသာ ဒါနအဟုန်တို့ကောင့် ကာမဘုံဝဋ်အတွင်းမှ လွတ်ကင်းတော်မူနိုင်ကြပါစ ခင်ဗျား

Thursday, October 12, 2023

အလှူခံဆုပေး

ဒါနဉ္စကျမ်းဂန်လာသည့်အတိုင်း လမ်းမှန်မကွာဓမ္မက္ခန်ရှိသမျှ
သဒ္ဓါအခြေကောင်းပေသော ပဏ္ဍိတသာမဏေလောင်း
သဒ္ဓါမယုတ်ပါသည့် မဟာဒုတ်၏ မြတ်သမျှအလှူကို
ကဿပ တစ်ဆူ မြသပိတ်ရတော့မှ ဓနကိစ္စအသပြာတိုးသည့်အတိုင်း ရတနာ ရွှေငွေမိုးကြီးရွာသွန်းနိုင်ကြပါစေ ခင်ဗျား

Tuesday, October 10, 2023

အလှူခံဆုပေး

ယခုတိုင်‌ပြောပြစရာမို့ 
ဂေါတမဘဂဝါယာပထပ်ဖြင့်
ဟောပြကာမကွာမလပ်ဘဲ 
ဝါကပ်တော်မူလောက်အောင်    
လှူဆောက်သောကျောင်းဒကာ
အနာထပိဏ်တို့လို 
သဒ္ဓါဝရဇိန်မထောင့်ရှာများသဖြင့် ‌ 
ဖြောင့်သမ္မာတရားရည်စိတ်ကြံမှန်းသည့်အတိုင်း 
ပြည်နိဗ္ဗာန်လမ်း ဖွင့်တော်မူနိုင်ကြပါစေ ခင်ဗျား။   ။

အလှူခံဆုပေး

ဘုန်းသမ္ဘာလှိုင်ကာ ဖြိုးဝေတက်ကြွ တန်ခိုးဧတဒဂ်ရတဲ့
မောဂ္ဂလန်မထေရ်လို ရောက်ရန်အလီလီပါရမီစုံသို့မို့ မဟာပြည်ဘုံနိဗ္ဗာန်နဂိုရ် သို့ စိတ်ကြံသလို ရောက်တော်မူနိုင်ကြပါစေ ခင်ဗျား

Friday, October 6, 2023

‌"မြို့ဦးစေတီတော်" ရေကြည်မြို့နယ် ရေကြည်မြို့

နေ့စဉ်နှင့်အမျှ တွေ့မြင်နေရတဲ့ ........…...စေတီတော်ကြီး
တဆင့်ထက်တဆင့် မြင့်သထက်မြင်လာသကဲ့သို့ အလှုရှင်များရဲ့ စေတနာသဒ္ဓါတရား၏ ကုသိုလ်အရှိန်အဟုန်တို့သည်လည်း
တင့်သထက်တင့် ရင့်သထက်ရင့် ကာဖြင့် ဒါနအကျိုးတရားပြည့်စုံစွာ ရကြပြီး နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေ။ ။

အလှူခံဆုပေး

ကြည်သဒ္ဓါပိုလှ၍ ပြည်ရာဇဂြိုလ်တွင် ဒါနအစဉ်ပွါးပေသော
ကာကလင်မယားသူဌေးတံဆိပ်ရကြသလို ရှေးအတိတ်ဘဝကကုသလဓမ္မံကို ယခုဘဝတဖန်ဆက်ကာပေးရင်ဖြင့်  ရက်ကြာမနှေးဒါနရှင်များမှာ ကာကလင်မယားထီးရှိန်မော်သည့်အတိုင်း စည်းစိမ်တော်ခံစားရပြီး ဓမ္မက္ခန်တရားမနသီစိတ်ကြံ၍ ပြည်နိဗ္ဗာန် အထက်ငြမ်း တက်လှမ်းတော်မူနိုင်ကြပါစေ။

အလှူခံဆုပေး

တကာအများဝယ်  သဒ္ဓါတရားကြွယ်အရှိများကြောင့်
အသိတရားများပြီး မရှိစကားမကြားရတဲ့ အရှင်အနုရုဒ္ဓါ  ကဲ့သို့ နောက်ဆုံးဘဝ ပိုင်ဆိုင်ကြပြီး ကြိုင်လှိုင်စွာ‌ဂုဏ်သတင်းမွှေးပျံ့လို့  တမဟုတ်ချင်းကိစ္စအဝဝတို့သည်
ဒိဋ္ဌဓမ္မဝေဒနိယအကျိုးများ‌  ပေးကာ ရရှိနိုင်ကြပါစေ

အလှူခံဆုပေး

လောင်းဝေဿန်ထုံးပမာစ  သုံးဒါန သဘောညီ၍မို့  စောဇိနနောင်ပရမေကို နောင်မသွေဖူးကာသပြီးလျှင် ဦးစွာပထမ ဓမ္မစကြာတရားနာရအောင် မဂ်အမတာ ဖောင်ယာဉ်ပျံရွက်ဦးတိုက်လို့မို့ ထွက်ကူးလိုက်တော်မူနိုင်ကြပါစေခင်ဗျား.....။