Monday, June 27, 2016

PSI AEC အတု (တရုတ်) ကို  OKX အစစ်   ပြောင်းမယ်         

PSI AEC အတု (တရုတ်) ကို OKx အစစ် ပြောင်းမယ်။

PSI AEC အတု (တရုတ်) ကို  OKX အစစ်   ပြောင်းမယ်

          PSI Aec စက်တွေ DVB လိုင်း အသံရပြီး၊ ရုပ်မလာတဲ့စက်၊ Firmware ကျသွားလို့ မီးလင်းပြီး Boot တက်မလာတဲ့ စက်တွေရှိပါတယ်။ ဒီစက်တွေကို ပြန်ကောင်းလာအောင် ကျွန်တော် သိသမျှလေးပြောပြပါမယ်။ အခြားနည်းလမ်းတွေလည်း ရှိနိုင်ပါတယ်။

         ကိုယ့်ရဲစက်ဟာ PSI Aec အစစ်လား၊ တရုတ်က ထုတ်တဲ့ အတု (Clone) လား ဆိုတာကို အရင်သိအောင် ကြိုးစားရပါမယ်။

         ဒီအချက်အလက်တွေကို ယှဉ်ကြည့်ပြီး ယေဘုယျ သဘော အတုအစစ် ခွဲကြည့်နိုင်ပါတယ်-





ကိုယ့်စက်က အစစ်ဆိုရင်တော့  OTA on ပြီး နောက်ဆုံး Version မြှင့်လိုက်တာနဲ့ရပါတယ်။

အတု ဆိုရင်တော့  OTA နဲ့ မြှင့်လို့မရပါ။ Version မြှင့်လိုက်တာနဲ့ စက်က လစ်သွားမှာပါ။

အရင်ဆုံး PSI စက်တွေကို 

             -  စက် to စက်ကူးခြင်း

             - PC ဖြင့် firmware တင်ခြင်း

             - Programmer ဖြင့် IC ဖြုတ်ကူးခြင်းတို့ကို တစ်ခုခုကို နားလည်အောင် လေ့လာထားစေချင်ပါတယ်။

ကိုယ့်စက်က အတုသေချာပြီ ဆိုရင်တော့  PSI Okx ကို ပြောင်းရပါမယ်။ 

               စက်အဖုံးကိုဖွင့် -


      အင်္နီဝိုင်းပြထားတဲ့ IC မှာ PSI logo ပါရင်တော့ အစစ်ပါ။  OTA on ပြီး Version မြှင့်ပေးလိုက်ပါ။ အစစ်က မီးလင်းပြီး Boot မတက်ရင်တော့ AEC version အနိမ့်တင်ပြီး OTA update ကို Run ပေးလိုက်ပါ။

     အနီဝိုင်းထားတဲ့ PSI logo မပါရင်တော့ အတုပေါ့။ အဲဒီ IC ကို ဖြုတ်လိုက်ပါ။ဖြုတ်ပြီးရင်တော့ အဲဒီစက်က PSI aec အတုကနေ PSI OKx  အစစ်ကြီး ဖြစ်သွားပါပြီ။ PSI aec အစစ်ကြီးကိုတော့ IC မဖြုတ်မိအောင်တော့ သတိထားပါ ခင်ဗျာ။

     ပြီးရင်  OKx Software version အဟောင်း ကို  ၁။ စက် to စက်   (၂) PC   (3) IC ဖြုတ်ကူး   အဆင်ပြေတဲ့ နည်းလမ်း တစ်ခုနဲ့ Firmware တင်ပေးလိုက်ရင် OK ပါပြီ။ စက် to စက် က စက်တိုင်း အဆင်မပြေပါ။ PC နဲ့ ဒါမှမဟုတ် IC ဖြုတ်ကူးတာက အားလုံးရပါတယ်။ PSI OK  အစစ်ဖြစ်သွားတဲ့အတွက် OTA on ပြီး Version မြှင့်လည်း ရပါတယ်။ ဒါပေမယ့် မြှင့်လိုက်မယ်ဆိုရင်တော့ Channel List ပြတဲ့ ပုံစံပြောင်းပြီး လိုင်းတွေ အစုံမပါ လိုင်းထည့်မရလို့ တစ်ချို့က မကြိုက်။  OTA off ထားတာ အကောင်းဆုံးပါခင်ဗျာ။

OKX အတွက် VERSION အနိမ့်ဖိုင်    ဒီမှာဒေါင်း

PC နဲ့ ကူးဖို့ Data Cable လုပ်နည်း   

http://minlwin-t4.blogspot.com/2015/06/psi-pc-firmware-making-rs-232-cable.html

PC နဲ့ Firmware တင်   

http://minlwin-t4.blogspot.com/2015/06/psi-pc-firmware.html

စက် to စက်  ကူးမယ်

http://minlwin-t4.blogspot.com/2015/07/psi-firmware.html

ကျေးဇူးပါခင်ဗျာ
ကိုမင်းလွင်ကန့်ဘလူမှကူးယူပါသည်။

 

No comments:

Post a Comment