PSI ကို PC နဲ့ FIRMWARE တင်ဖို့ DATA CABLE ပြုလုပ်ခြင်း
ဒီနည်းလမ်းက အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ Programmer နဲ့ IC ဖြုတ်ပြီး ကူး နောက် ပြန်တပ်မယ်ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ PSI စက်အတွက် Firmware တွေ ရခဲ့ပေမယ့် PC နဲ့တွဲဖို့ ကြိုးအတွက် အခက်အခဲဖြစ်နေတဲ့သူတွေများမှာပါ။ ကျွန်တော်ကိုယ်တိုင် (၃)ရက်လောက် အချိန်ကုန်ခံပြီးမှ ရလာတဲ့ အဖြေတစ်ခုပါ။ စလောင်းအကြောင်း ပြောမယ်-၂ Group နည်းပညာတွေ မျှဝေပေးတဲ့ အကိုများအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အထူးသဖြင့် PSI Tools မျှဝေပေးတဲ့ ကိုအောင်သီဟ နှင့် Firmware မျှဝေပေးတဲ့ ကိုရန်ပိုင်ဦးကို ကျေးဇူး အထူးတင်ရှိပါတယ်။
အရင် PSI အတွက် Tools တွေနဲ့ Firmware ယူထားရအောင်
Upgrade လုပ်ဖို့နဲ့ Logo ပြောင်းတဲ့ Tools ကို ဒီမှာ နှိပ်ပြီး ယူဗျာ ။ AEC အတွက် Bin File ပါပြီးသားနော်။
OKX အတွက် Bin File ကို https://www.dropbox.com/s/vztolthrbfp6y7o/OK%20X%20New%20Version%20.....bin?dl=0
အောက်ကပုံအတိုင်း Desktop PC မှာ Serial Port (9 Pin) ပါတယ်ဆိုရင် တိုက်ရိုက် ဆက်လိုက်ရင်ရပါပြီ။ နောက်လာတဲ့ PC တွေမှာတော့ Serial Port မပါတော့တဲ့အတွက် USB ခေါင်း ပြောင်းဖို့အတွက် USB to RS232 ကြိုးဝယ်မှ ရမှာပါ။
Serial Port PC မှာ တပ်မဲ့ခေါင်းက Electronic Store ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ မရရင်တော့ ခဲနဲ့ တို့ပြီးတွဲပေါ့ဗျာ။
ကြိုးသုံးကြိုး သုံးမှာပါ။ PSI မှာ လေးကြိုးပါပေမယ့် တစ်ကြိုး မသုံးပါဘူး။
PC မှာ Serial Port ပါရင်တော့ ဘာမှမလိုတော့ဘူး။ မပါရင်တော့ ဒီလို USB to RS232 ကြိုးဝယ်ရပါမယ်။ Com port က PC မှာ မပါလို့ USB ကို ပြောင်းတာဖြစ်ပါတယ်။ MDY မှာတော့ အင်းဝ ကွန်ပျုတာဆိုင်က ၀ယ်ထားတာပါ။ ဈေးမကြီးပါဘူး။ Driver CD တစ်ချပ်ပါပါတယ်။
PC Serial Port ခေါင်းနဲ့ ထပ်ဆက်ရပါမယ်။
ဒါကတော့ USB-RS232 နဲ့ PSI ကို Connection တွဲပုံဖြစ်ပါတယ်။ Serial 9-pin ခေါင်း ၀ယ်မရရင် ဒီလို တိုက်ရိုက်တွဲလိုက်ပါ။
အဲဒါသုံးမယ်ဆိုရင် Driver တင်တာ မှန်မှ ရမှာပါ။
ဒီလို အ၀ါရောင် ပြနေရင် မရသေးပါဘူး။
ဒီလိုဆိုရင် ရပြီ။
ဒီနေရာမှာ Com Port အမှတ်ကို သေချာမှတ်ထားရပါမယ်။ တစ်ကယ်လို PC မှာ Serial Port ပါရင် COM1 ဒါမှမဟုတ် COM2 သုံးရပါမယ်။ USB သုံးမယ်ဆိုရင် အဲဒီမှာပေါ်နေတဲ့အတိုင်း COM5 သုံးပါမယ်။
ဒုတိယပိုင်း Firware တင်နည်း ဆက်ရေးပါမည်။
Credit-ကိုမင်းလွင် (ကန့်ဘလူ )







Casino & Hotel Map & Floor Plans - Mapyro
ReplyDeleteProperty LocationWith a stay at 광양 출장안마 Casino & Hotel in Elko Springs (Elko Springs), youll be steps from Casino & 성남 출장안마 Hotel 군산 출장샵 and 목포 출장마사지 8 minutes by foot from Grand Canal Street 동두천 출장샵