Sunday, July 12, 2015

ဟာသအပိုင်းအစ~၎

ခြောက်နှစ်မှတ်စု

ပြင်သစ်နိုင်ငံသားတစ်ယောက် စကားပြန်တဦးနှင့် နေပြည်တော်သို့  သွားလည်သည်-သွားရာလမ်းတွင် စစ်ကားတန်းကိုတွေ့သွားပြီးမြန်မာလိုတတ်ချင်သော ပြင်သစ်ကြီးက
လက်ညှိုးထိုးပြီး သူ့ကိုမြန်မာလိုဘယ်လိုခေါ်လဲ ဟုဘေးနားမှ ဂိုက်အားမေး၍ သူ၏မှတ်စုစာ အုပ်ကိုဖွင့်ကာ သူ့ဘာသာစကားဖြင့်ရေးမှတ်လိုက်ပါတယ်
တစ်ခါဈေးနားသို့ ရောက်ရာ တောင်းစားနေသူအားတွေ့ပြီး ထပ်မေးကာ မှတ်ထားလိုက်ပြန်ပါတယ် ။ တခါ ခေါင်းပေါင်းစနှင့်လွှတ်တော်အမတ်များတွေ့ ပြန်တော့ ဗမာလိုမည်သို့ ခေါ်ကြောင်းမေးမြန်သည်။
နောက် ပိုင်းဘုရားပေါ်မှဆင်း ဈေးတန်းကလေးမှာ လမ်းလျှောက်တုန်း လူတစ်စုဝိုင်းဖမ်းထားတဲ့ လူတစ်ယောက်ကို ထပ်တွေ့ ထပ်မေး ထပ်မှတ် လိုက်ပါတယ်။ ဒါနဲ့ပဲ လမ်းလျှောက်တာမောလို့ ထင်ပါရဲ့သစ်ပင်အောက်ကခုံတန်းလေးမှာထိုင်ရင်း လမ်းသွားလမ်းလာလူတွေကိုလိုက်ကြည့်နေတယ်။ ခဏကြာတော့ ပျင်းလာပြီး သူရဲ့မှတ်စုစာအုပ်လေးဖွင့်ကာ သူမှတ်ထားသမျှကို ဘေးနားက စကားပြန် (ဂိုက်) အား အသံထွက် မှန်မမှန် စစ်ပေးရန် ကျယ်ကျယ်အော်ဖတ်လိုက်လေ၏
"ပြည်သူ့ စစ်သား
သူတောင်းစား
လွှတ်တော်အမတ်မင်း
သူခိုး " ဟု အော်၍ ရွတ်ပြလိုက်ပါတယ်။ နောက်တနေ့ တွင် ပြင်သစ်ကြီးအား နိုင်ငံတော်လှိုဝှက်ချက်အား လူလည်ခေါင်မှာ အော်ပြောမှုဖြင့် ထောင်ဒဏ်ခြောက်နှစ်ကျသွား၏။
      
                              Copy!

ဟာသအပိုင်းအစ-၎

အကြံအစည်
!!!!!!!!!!!!!!!!!!

ရှုပ်တယ်ကွာ သမ္မတနဲ့အစိုးရကို ဒီလောက်ဖြုတ်ချချင်နေကြတာ
ရှိသမျှ အကုန်လုံးကိုရှင်းထုတ် ....
အလားအလာရှိတဲ့လူငယ်တွေနဲ့ သွေးသစ်လောင်းမယ်
ဇေယျာသော် သမ္မတ တက်လုပ်  .....
သဇင်နဲ့မိုးဟေကို ကို သမ္မတအကြံပေးလုပ်ခိုင်း .....

ရသ က အမတ်အနေနဲ့ဝန်းရံ
ဂျောက်ဂျက်လက်ထဲ စစ်တပ်ကိုထည့်လိုက်
Dဖြိုးက မူးယစ်နှိမ်နင်းရေးမှာ တာဝန်ယူ
အိန်အိမ်းကို ယဉ်ကျေးမှုဦးစီးဌာနမှာ ဦးစီးမှုးခန့်ထားလိုက်
ဗီဗာဟိန်းကို အနုပညာဦးစီးလုပ်ငန်းကို ဦးဆောင်ပစေ
ထက်ထက်မိုးဦးကို ပြန်ကြားရေးဝန်ကြီးဌာနမှာ ၀န်ကြီးအဖြစ်ထား
မီဒီယာနဲ့ ထိပ်တိုက်တွေ့ပစေ(ပါးချည်းဘဲကွဲအောင်ချ)
စန္ဒီမြင့်လွင်ကို နိုင်ငံခြားရေးဝန်ကြီးခန့်ထား
ငါ့မိန်းမကို အမေရိကန်သံအမတ်ဖြစ်ခန့်လိုက် ဟိုမှာ
တာဝန်ထမ်းဆောင်ပစေ ကလေးတွေပါ ထည့်လွှတ်လိုက် တော်တော်နဲ့ပြန်မလာစေနဲ့
တရုတ်တန်းကAh boy က မြစ်ဆုံနဲ့ကြေးနီတောင် စီမံကိန်းတွေ စစ်ဆေးဖို့
ကော်မရှင်မှာ ဥက္ကဌလုပ်
မင်းအုပ်စိုးက ယဉ်စည်းကမ်းထိမ်းသိမ်းရေး ကော်မတီမှာကြီးကြပ်
ယုန်လေးကိုတော့ တိရိစ္ဆာန်ရုံမှာပဲအစောင့်ထား
အဲ့ဒီကောင် ငါ တစ်စက်ကလေးမှ ကြည့်လို့မရဘူး
ဖြစ်နိုင်ရင် ကျားတွေ ခြင်္သေတွေကို သန့်ရှင်းရေးလုပ်ခိုင်း..
သြော် ဒါနဲ့ စစ်ကိုင်းရဲမှုးကိုတော့ မဖြုတ်ပစ်နဲ့
သာသနာရေးဝန်ကြီးအဖြစ်နဲ့ ဌာနပြောင်းလိုက်
သူ့အောက်ကသူတွေကိုတော့ နူကလီးယားစက်ရုံဓါတ်ခွဲခန်းမှာ
ကျွမ်းကျင်ပညာရှင်အဆင့်နဲ့ ပြောင်းပေးလိုက်
သက်မွန်မြင့်ကိုတော့ ဒီနေ့ည ငါ့ဆီလွှတ်လိုက်
ချင်းပြည်နယ်တိုးတက်ကောင်းစားစေဖို့အတွက်
ငါ့အိမ်မှာ တံခါးပိတ် အစည်းအဝေးပွဲ ရှိတယ်.း)
ရဲတိုက်နဲ့ ဘာဘူကိုတော့ လူမျိုးရေးတွေကိုဖြေရှင်းခိုင်း
နောက်နေ့ညမှာ အယ်လ်ဆိုင်းစီကို လွှတ်လိုက်..
ကြားဝင်ဖိုရှိတယ် .
ငါတို့နဲ့.ကေအိုင်အေ ကြား ကြားဝင်စေ့စပ်ညှိနှိုင်းဖို့ သူ့ကိုတာဝန်ပေးရမယ်...
အဲ့ဒါလည်းအရေးကြီးတယ်
လောလောဆယ်ငါကြံတာ ဒါအကုန်ပဲ။ ကျန်တာ မင်းတို့ ဘယ်ကောင်ကို
ထည့်ချင်သေးလဲ အမျိုးတွေရှိရင် စာရင်းလုပ်ထား
ရန်မဖြစ်နဲ့ ခွက်မလုနဲ့
ကြည့်ကြပ်လုပ်လိုက်ကြ..
ငါသေချာ စီမံအကွက်ချထားတာ
တိုင်းပြည် သေချာပေါက် ကောင်းစားမယ်။     ။
Credit-*ဆောင်းကဗျာ

ဟာသအတိုအထွာ-၂

သူကြီးဆီသာပို့ပါတော့(ရယ်စရာဟာသ)
~~~~~~~~~~~~~~~~~~~~

တစ်ခါတုန်းက ရွာတရွာမှအပျိုကြီးတစ်ယောက်ရှိ
သတဲ့ဗျ၊ သူ့ခမျာ မိန်းမသားပီပီ၊ အချိန်တန် အရွယ်ရောက် လူလားမြောက်ချိန်မှာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ချင် ရှာပေမဲ့၊ရုပ်ဆင်းအဂါင်္မလှရှာတော့၊အိမ်ထောင် ဖက် မတွေ့နိုင်ပဲတစ်ကိုယ်တည်း အပျိုကြီးဖြစ်ရရှာတာတဲ့ဗျာ။

မိဘဆွေမျိုးညာတကာတွေလည်း မရှိရှာတော့တဲ့အချိန်၊ အသက်ကလည်းလေးဆယ်ကျော်ဖြစ်လာတော့ တစ်အိမ်လုံးမှာ တစ်ယောက်တည်း အထီးကျန်ဘဝနဲ့နေရင်း၊ အိမ်ထောင်ကျနိုင်မဲ့အခွင့်အလမ်းကို ဇွတ်ကြံဆနေရသတဲ့ဗျာ
ဒီလိုနဲ့တစ်နေ့ အဲဒီအပျိုကြီးအိမ်ကို ညကြီးအချိန်မတော်သူခိုးတစ်ယောက်ဝင်ခိုးတော့၊ ကံဆိုးတဲ့ သူခိုး ခင်မျာ၊ အပျိုကြီးရဲ့လက်ရဖမ်း ဆီးခြင်းကိုခံရပါလေရော။
သူခိုးလူမိပြီဆိုမှတော့ မျက်နှာငယ်လေးနဲ့၊ပြန်လွှတ်ပေးဖို့တောင်းပန်ရတာပေါ့၊ ဒီမှာတင်အပျိုကြီးဟာ “နင်လူပျိုလား” လို့ သူခိုးကို မေးသတဲ့ဗျ။
“လူပျိုပါ”လို့လည်း သူခိုးကဖြေလိုက်ရော၊အပျိုကြီးဟာ “ဒီတစ်ခါတော့ဟန်ကျပြီဟဲ့” ဆိုတဲ့အတွေးနဲ့..၊ “ဒါဆိုနင် ငါ့ကိုလက်ထပ်ယူမလား၊ ယူမယ်ဆိုရင်ငါလွှတ်ပေးမယ်။မယူဘူးဆိုလို့ကတော့ သူကြီးအိမ် အပို့ပဲ”တဲ့။
အကဲခတ်ရသလောက် ဒီသူခိုးဟာ၊ရွာထဲက သူခိုးမဟုတ်ပဲ၊ရွာကျော်ပြီးလာခိုးတဲ့သူခိုးထင်ပါရဲ့။
အဲဒီအပျိုကြီးကို မမြင်ဖူးရှာဘူးတဲ့အပြင်၊ သူ့ လူပျိုဘဝကို စတေးရတော့မဲ့အချိန်မို့..၊ “အစ်မကြီးရယ်၊မီးခြစ် ကလေးတချက်လောက်ခြစ်ပါလားဗျာ”လို့ တောင်းဆိုလိုက်တော့ အပျိုကြီးလည်း သူခိုးရဲ့လက်ကို ဂျိုင်း ကြားမှာ ခပ်တင်းတင်းညှပ်ထားရင်း ကျန်တဲ့သူ့လက်တစ်ဖက်နဲ့ ခါးကြားက မီးခြစ်ကို ချပ်ကနဲခြစ် လိုက် ရောပေါ့ ဗျာ
အရေးထဲမီးခြစ်က မသုံးတာကြာလို့ထင်ပါရဲ့၊ ဖျတ်ကနဲသာတချက်သာလင်းပြီး ဟုတ်ဆိုပြန်ငြိမ်းသွားပါ လေရော၊ အပျိုကြီးကတော့ မီးခြစ်ကို ချပ်၊ချပ်၊ချပ်နဲ့ကြိုးစားပမ်းစားထပ်ခြစ်ရှာပါတယ်။
ဒါပေမဲ့သူခိုးအတွက်ကတော့၊ ဖျတ်ကနဲ တစ်ချက်လင်းလိုက်တဲ့အလင်းရောင်နဲ့တင် ဆုံးဖြတ်ချက်ချနိုင် သွားတယ်ထင်ပါရဲ့၊ “အစ်မကြီးရယ် ကျွန်တော့်ကို သူကြီးအိမ်သာပို့ပါတော့”..ဆိုပဲ။

နာလည်းနာနံလည်းနံ

နာ လည်းနာသေး နံလည်းနံသေး
*************************

~တစ်ခါက ဘယ်ကဘယ်လိုဖြစ်သည်မသိ။
မောင်သာဝဆိုသော ပုဂ္ဂိုလ်သည် သင်္ဂဇာဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန်
ကြံစည်ကြိုးပမ်းခဲ့သည် ။ သည့်အတွက် ဒကာ ၊ ဒကာမအပေါင်းသည် မကျေမနပ် ဒေါသ အကြီးအကျယ်ထွက်ကာမောင်သာဝကို ဖမ်ဆီး၍ တရားဥပဒေအရ ထိုက်သင့်သော ပြစ်ဒဏ်ခံရစေရန် ရုံးတင်စစ်ဆေးဖို့ အကြောင်း ဆရာတော်အား အသိပေးလျှောက်ထားလေသည် ။
ထိုအခါ သင်္ဂဖာဆရာတော်က
"မလုပ်ကြပါနဲ့ ကွယ် ... အမှု့ ဖွင့်ပြီးရင်လည်း ပိတ်လိုက်ကြပါ" ဟူ၍
ဥပက္ခာတရားကို လက်ကိုင်ပြုသောစကားအား မိန့် ကြားလိုက်လေသည်။ သည့်အတွက် ဒကာ၊ဒကာမ အပေါင်းတို့ မှာ မခံချိမခံသာ ဖြစ်ကြရလေသည် ။
မဟုတ်သေးပါဘူး ၊ ဆရာတော်ဘုရား ။ သည်လိုမျိုးသံဃာတော်အပေါ်ကို ကာယကံမြောက်
စော်ကားတဲ့ ငမိုက်သားကို ထိရောက်တဲ့ ဒဏ်ခတ်မှု့ မျိုးတော့ပြုသင့်ပါတယ်ဘုရား ။
အရှင်ဘုရားခွင့်ပြုမယ်ဆိုရင် တပည့်တော်တို့ ဟာ တပည့်တော်တို့ ရုံးတွင် အမှု့ ဖွင့်ချင်ပါတယ် ဘုရား ... ။
"သည်းခံကြပါ ဒကာတို့ ရယ် ။ ခန္တီစဆိုတဲ့ သည်းခံခြင်းတရားကို
လက်ကိုင်ထားကြပါ။ အမှု့ အခင်းတစ်ခုဖြစ်တယ်ဆိုရင် အင်မတန်မှ
အလုပ်များတယ်လို့  လောကီလူသားတွေ ပြောကြဆိုကြတာကို
ဘုန်းကြီးကြားပါတယ်။အမှု့ အခင်း တစ်ခုဖြစ်လာရင် အသိသက်သေတွေဆိုတာ
ရုံးကဆင့်ခေါ်လို့ မပျက်မကွက်သွားရပါလိမ့်မယ် ။
အဲဒီမှာ အဓိကကျတဲ့ ဘုန်းကြီးဟာလည်းရုံးတော်က ဆင့်ဆိုရင် မကြွမဖြစ်
ကြွရမှာအမှန်ပဲ။ အဲသည် အခါကျရင် ဘုန်းကြီး မမြင်လို ၊ မတွေ့ လိုတဲ့
ငသာဝရဲ့ မျက်နှာကို တွေ့ ရဦးမယ် ။
ဘုန်းကြီးအဖို့  ငသာဝလို ငမိုက်သား မျိုးကို
မြင်လည်းမမြင်လိုဘူး။အသံလည်း
မကြားလိုဘူး။သည်လိုငမိုက်သားမျိုးဆိုတာ
သည်ဘ၀မှာပဲ လူ့ အဖြစ်ကိုရတာပါ။ တမလွန်ရောက်ရင်ဖြင့် လူ့ ပြည်မှ
ဖဲကြဉ်ပြီး ငရဲကို ဇောက်ထိုး တန်းကျမှာ သေချာတယ်။
အဲသည်လို ငရဲကို ကျိန်းသေဧကန် တန်းကျမယ့် ငမိုက်သားကို ဘာ့ကြောင့်များ
ရန်လုပ်လိုကြသေး တာလဲကွယ်။သူ့ ထိုက်နဲ့ သူ့ ကံ ရှိပါစေတော့ ။ ကျေကြပါတော့
ဒကာတို့ ရယ်"
"ဆရာတော် ပြောတာလည်း ပြောတာပေါ့ ဘုရား။ တပည့်တော်တို့ ကတော့
ကိုယ့်ဆရာအရှင်ကို ကိုယ်ထိလက်ရောက် စော်ကားတဲ့ ငသာဝအပေါ် နည်းနည်းကလေးမှ
မကျနပ်နိုင်ပါဘူး ဘုရား။ အသည်းတဆတ်ဆတ် နာလှပါတယ်ဘုရား ။
"အင်း...ဒကာတို့ မှာ တော့ နာရုံသာ နာပါတယ်။ဘုန်းကြီးမှာတော့
တရားလည်းဟောရသေး။သေနတ်လည်းအပစ်ခံရသေးဆိုတော့
'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ့ စကားဥပမာလိုဖြစ်နေပြီကောကွယ်"
"အရှင်ဘုရား ... အဲသည် 'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ့ စကားဥပမာလေးကို
ရှင်းလင်းဟောကြားပေးတော်မူပါဘုရား။"
တပည့် ဒကာ၊ဒကာမ အပေါင်းက လျှောက်ထားတောင်းပန်သဖြင့် ဆရာတော်သည်လည်း
စကားဥပမာ ထင်လင်းစေရန် ပုံပြင်တစ်ပုဒ်ကို ထုတ်နုတ်ပြောဆို
လေတော့သည်။ရှေးအခါက တောရွာတစ်ရွာတွင် အဘိုးကြီး၊ အဘွားကြီး လင်မယားသည်
အကြောင်းကိစ္စ တစ်ခုဖြင့် ခွန်းကြီးခွန်းငယ် စကားများ သတ်ပုတ်ကြရာမှ
ဒေါသကို မထိန်းနိုင်ဘဲ လုံးထွေး သတ်ပုတ်ကြလေသည်။ ထိုသို
့လုံးထွေးသတ်ပုတ်ကြစဉ် တစ်ယောက်နှင့်တစ်ယောက်
မိရာလှမ်းဆွဲ၊ကုပ်ဖဲ့၊ကိုက်ခဲကြရာ အဘိုးကြီးသည် အဘွားကြီး၏ ပေါင်ခြံကို
ကိုက်မိလေသည်။ အဘွားကြီးကလည်း အဘိုးကြီး၏ ကျောကုန်းကို
တံတောင်ဖြင့်ဆောင့်၍ ထောင်းတော့သည်။
ထိုသို့ ဝရုန်းသုန်းကား ဖြစ်နေကြစဉ် အိမ်နီးနားချင်းများ ရောက်ရှိလာကြကာ
အဘိုးကြီးကိုလည်းကောင်း၊
အဘွားကြီးကိုလည်းကောင်း ဆွဲလွဲ၍ ဖျန်ဖြေပေးလိုက်ကြလေ၏ ။
ညဘက်သို့ ရောက်လေသော် အဘိုးကြီးနှင့်အဘွားကြီးလည်း
စိတ်အနည်ထိုင်စပြုပြီဖြစ်၍ အဘွားကြီးကပင် စတင်စကားစလိုက်လေသည်။
"အဘိုးကြီးနှယ်တော် ... သွားတွေအပြည့်အစုံမရှိပေလို့ ဘဲ။
ကျုပ်ပေါ်င်သားတွေ ပြတ်ကျမလားတောင် မသိဘူး။နာလိုက်တာမှ တစစ်စစ်နဲ
့။အကွင်းကြီးကို ဖြစ်လို့ ။ဆန်ကွဲထောင်းပြီး အုံမှဖြစ်မယ်။"
ထိုအခါ အဘိုးကြီးက
"အောင်မာ ...မယ်မင်းက နာရုံသာ၊နာတာပါကွယ်။ကျုပ်မှာ ကျောပြင်တစ်ခုလုံး
အောင့်လောက်အောင် နာနေတယ်။သံတူရွှင်းနဲ့  ထောင်းသလးတောင်
အောက်မေ့ရတယ်။ကျုပ်မှာတော့ မယ်မင်းရဲ့ ပေါင်ခြံကို ကိုက်မိလို့ 
ကျောပြင်တစ်ခုလုံး နာလည်းနာတဲ့အပြင် ၊ နှာခေါင်းတစ်ခုလုံးဟောင်နေအောင်ကို
နံလည်းနံသေးဗျာ.။"ဟူ၍ ပြောလိုက်လေ၏ ။
ပုံပြင်ကလေး အဆုံးကတော့ ဆရာတော်ကြီးက
"အဲသည် ပုံပြင်ဥပမာလိုပေါ့ကွယ် ။ တပည့်တော်တို့ မှာ ကိုယ့်ဆရာတော်အတွက်
နာရုံသာ နာတာပါ။
ဘုန်းကြီးမှာတော့ဖြင့်လား 'နာလည်းနာသေး၊နံလည်းနံသေး'ဆိုသလို ဖြစ်နေပြီကွယ့်"
ဟူ၍ ပြောဆိုလေရာ ဒကာ၊ ဒကာမ အပေါင်းမှာလည်း ရှေ့ နောက်ဆင်ခြင်တွေးတောလျက်
ဒေါသအရှိန်များလျော့ပါးသွားပြီး ပြုံးပြုံးရယ်ရယ် ဖြစ်သွားကြလေသတည်း...........။ ။
(မမ) မှကူးယူဖော်ပြသည်

ဟာသအပိုင်းအစ

ချစ်လှစွာသောသမ္မတနှင့်အပေါင်းအပါများ
®®®®®®®®®®®®®®®®®®®

တခါက နိုင်ငံတော် သမ္မတနှင့် နောက်လိုက်များအစည်းအဝေးအတွက် ခရီးထွက်ကြသည်။
လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ သမ္မတ၏ သတင်းကို မေးမြန်းစုံစမ်း
ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။
သတင်းထောက်။       ။ဆရာ...ဆရာ..သမ္မတကြီး အခြေအနေ ဘယ်လိုလဲ
ဆရာဝန်.          ။         ။အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်    ။          ။သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်           ။          ။သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်    ။          ။ ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်     ။         ။အခြေအနေ ကောင်းတာက..ငါတို့တိုင်းပြည်ဘဲကွ