Sunday, July 12, 2015

ဟာသအပိုင်းအစ

ချစ်လှစွာသောသမ္မတနှင့်အပေါင်းအပါများ
®®®®®®®®®®®®®®®®®®®

တခါက နိုင်ငံတော် သမ္မတနှင့် နောက်လိုက်များအစည်းအဝေးအတွက် ခရီးထွက်ကြသည်။
လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ သမ္မတ၏ သတင်းကို မေးမြန်းစုံစမ်း
ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။
သတင်းထောက်။       ။ဆရာ...ဆရာ..သမ္မတကြီး အခြေအနေ ဘယ်လိုလဲ
ဆရာဝန်.          ။         ။အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်    ။          ။သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်           ။          ။သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်    ။          ။ ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်     ။         ။အခြေအနေ ကောင်းတာက..ငါတို့တိုင်းပြည်ဘဲကွ

No comments:

Post a Comment