Wednesday, June 29, 2016

PSI စက်အချင်းချင်း FIRMWARE ကူးမယ်

PSI စက်အချင်းချင်း FIRMWARE ကူးမယ်

             စက် to စက် ကူးဖို့ရာအတွက်  Data Cable အရင် လုပ်ရပါမယ်။ PSI စက် Upload မှာ တပ်ဖို့ ခေါင်းတွေက လျှပ်စစ်ပစ္စည်းပြင်တဲ့ဆိုင်တွေမှာ ရှိပါတယ်။ 4 pin ပါတဲ့ခေါင်းရရင်တော့ OK ပေါ့။ 

PSI မှာတပ်မဲ့ Socket ကြိုးတွေကို  တစ်ခြား စက်ပျက်    

ကတ်ပျက်တွေကနေ ရနိုင်ပါတယ်။ ဒီကတ်မှာ 4 pin (၂) ခုရမှာဖြစ်တဲ့အတွက် စက် to စက် ကူးဖို့အတွက် ရပါပြီ။ ဒါကျွန်တော့ကိုယ်တိုင် လုပ်ထားတဲ့ ကြိုးပါ။





 

ကြိုးဆက်ရမဲ့ ပုံစံက 







ပထမဆုံး PSI စက်(၂)လုံးကို  Data cable တွဲလိုက်ပါ။  ကူးပေးမဲ့ မူရင်းစက် (Master) ကို ပလပ်ထိုးပါ။ ကျန်တဲ့ PSI ကို ပလပ် မထိုးပါနဲ့ဦး။        ပြီးရင်          Menu နှိပ်ပါ၊  Input password ပေါ်လာရင်    0000 နှိပ်ပါ

                                           

 System Setup   ပြီးရင်  Software Update

 Upgrade မှာ  P2P ထားမယ်။ Type မှာ ALL ထားပြီး  Start မှာ  OK  နှိပ်လိုက်ပါ။

Retry  ဆိုပြီး ပေါ်လာရင်  Firmware လက်ခံမဲ့စက် (Slave) ကို ပလပ်ထိုးပေးလိုက်ပါ။

Transfering Data ဆိုပြီး  ရာခိုင်နှုန်း 100 ထိ တက်သွားပါမယ်။


 ဒါဆိုရင်  ရပါပြီခင်ဗျာ။

Credit    ဆရာကိုမင်းလွင် (ကန့်ဘလူ)

PSI ကို PC ဖြင့် FIRMWARE တင်ခြင်း

PSI ကို PC ဖြင့် FIRMWARE တင်ခြင်း

              PSI အကြောင်း နားလည်သလောက် နည်းနည်း ရှင်းပြပါမယ်။ PSI Clone (တရုတ် အတု)တော်တော်များများ OTA လုပ်မိပြီး အားလုံး   Firmware ကျကုန်ပါတယ်။ စက်ပျက်သွားတယ်ပေါ့ဗျာ။ နည်းပညာနဲ့  ထိုင်းက ပညာပြလိုက်တာပေါ့ဗျာ။ သူ့စက်တွေက ဘာမှ မဖြစ်ဘူးလေ။  အဲဒီ Clone စက်တွေကို ကျွန်တော်တို့က အရင် Version အဟောင်းသွင်းပြီး Boot တက်လာပြီးဆိုမှ OTA ကို Off လိုက်တာပေါ့ဗျာ။ လိုင်းတွေ ဘယ်လောက်ထိ ပွင့်မယ်ဆိုတာတော့ တာဝန်မယူနိုင်ဘူးပေါ့ဗျာ။ လောလောဆယ် ပျက်နေတဲ့စက်တွေကို ကောင်းသွားအောင် လုပ်ပေးရတာပေါ့။ 

ကဲ စရအောင်ဗျာ-

အရင် PSI အတွက် Tools တွေနဲ့ Firmware ယူထားရအောင်

            Upgrade လုပ်ဖို့နဲ့ Logo ပြောင်းတဲ့ Tools ကို  ဒီမှာ နှိပ်ပြီး ယူဗျာ ။ AEC အတွက် Bin File ပါပြီးသားနော်။

OKX အတွက် Bin File ကို     https://www.dropbox.com/s/vztolthrbfp6y7o/OK%20X%20New%20Version%20.....bin?dl=0

  PSI နဲ့ PC ကို Data Cable ဆက်လိုက်ပါ။ PSI ကို မီးပလပ်ထိုးလိုက်ပါ။
        ပထမဦးဆုံး Firmware မတင်ခင်မှာ Com port နဲ့ PSI  တို့ Data  Connection ရှိ / မရှိကို စစ်ရမှာပါ။

       Firmware တင်ဖို့  Upgrade tool ကို ဖွင့်ပါ။






         ဒီလိုတက်လာမယ်

        Bin File မှာ Browse လုပ်ပြီး ကိုယ်တင်မယ့် Firmware ကိုရွေးပါမယ်။ Upgrade Mode မှာ Normal  ၊ Serial Port မှာ ကို တတ်ထားတဲ့ Com Port ကို ရွေးပါမယ်။ ကျွန်တော်က Com5 ကို ရွေးပါတယ်။  ပြီးရင်  Next  နှိပ်ပါ။ အခု လုပ်နေတာက Firmware မတင်သေးပါဘူး Com Port အလုပ်လုပ်သလား မလုပ်ဖူးလား အရင်စမ်းတာပါ။ 

       ကိုယ်တပ်ထားတဲ့ Com port မှန်တယ်၊ PSI နဲ့ Connection ကောင်းရင် ဒီလိုပြမှာပါ

Done ဆိုတာ ပေါ်လာရင် OK ပါပြီ။ Firmware တင်လို့ရပါပြီ။ Done ပေါ်ပြီးရင်  Read Dump Cmd1 error ဆိုပြီး error မက်ဆေ့ တစ်ခုတက်ပါမယ်။ OK ပေးလိုက်ပါ။ပြီးရင် Back နှိပ်ပြီး Step-1 အထိရောက်အောင်ပြန်သွားပါမယ်။

PSI မီးပလပ်ဖြုတ်ပါမယ်။

Upgrade Mode ကို Eprom 1>1.2.3 ကိုပြောင်းပါမယ်။ ကျန်တာ ဘာမှ မပြင်ပါ။ ပြီးရင် Next  နှိပ်လိုက်ရင် ဒီလိုပေါ်မယ်

အဲဒီမှာ သတိထားရပါမယ်။ ဒီဟာ ပေါ်ပေါ်ချင်း PSI မီးပလပ်ထိုးလိုက်ပါ။  ပလပ်ထိုးလိုက်တဲ့အချိန်မှာ ပေါ်နေတဲ့ စက္ကန့်ဘယ်လောက်လဲ သေချာကြည့်လိုက်ပါ။ ပလပ်ထိုးပြီး ၁၀-စက္ကန့်လောက်ကြာမှ OK နှိပ်လိုက်ပါ။ (ဥပမာ ၃-စက္ကန့်မှာ ပလပ်ထိုးလိုက်ရင် ၁၃-စက္ကန့်လောက်မှာ OK နှိပ်ပါ) အဲဒါ အရေးကြီးတယ်ဗျ။ Timing မကိုက်ရင် PSI စက်ထဲကို Firmware မ၀င်ဘူးဗျ။ 

နောက် ... ရာခိုင်နှုန်း တစ်ဖြေးဖြေး တက်လာပြီး ၁၀၀ ရောက်ရင် ဒီအတိုင်းပေါ်နေမယ်။ အခုဟာက Bin file ကို  loading အရင်လုပ်တာဖြစ်ပါတယ်။ PSI ထည့်ကို သွင်းတာမဟုတ်ပေးပါဘူး။ နောက်တစ်ဆင့်က မှ Burning လုပ်မှာပါ။ 

ဒီအဆင့်က အရေးကြီးပါတယ်။  Next ကို မနှိပ်ခင်မှာ PSI ရဲ Display မီးကို သေချာကြည့်နေပါ။ Next နှိပ်လိုက်တာနဲ့ PSI Displayမီးက တစ်ချက်လှုပ်သွားရင် Firmware ၀င်ပါတယ်။ မလှုပ်ပဲ ငြိမ်နေရင်မ၀င်ပါဘူး။  နောက်တစ်ကြိမ်  ပြန်လုပ်ရမှာပါ။

ဒါကတော့Burning လုပ်နေတဲ့အဆင့်ပါ။

နောက်ဆုံးမှာ Next နဲ့ Finished နှစ်ခုပေါ်ပါမယ်။ Burning စလုပ်တဲ့အချိန်မှာ Display  မီးလှုပ်သွားရင် OK သွားပြီဖြစ်လို့ Finished နှိပ်လိုက်ပါ။ မီးမလှုပ်သွားဘူးဆိုရင်တော့ Next ကို နှိပ်ပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားပါခင်ဗျာ ....

                                                                                                               အားလုံးကို ကျေးဇူးတင်ပါတယ်။

Credit****ဆရာကိုမင်းလွင်(ကန့်ဘလူ)

PSI ကို PC နှင့် firmwareတင်ရန် Data cable ပြုလုပ်ခြင်း

PSI ကို PC နဲ့ FIRMWARE တင်ဖို့  DATA CABLE ပြုလုပ်ခြင်း

   ဒီနည်းလမ်းက အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ Programmer နဲ့ IC ဖြုတ်ပြီး ကူး နောက် ပြန်တပ်မယ်ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ PSI စက်အတွက် Firmware တွေ ရခဲ့ပေမယ့် PC နဲ့တွဲဖို့ ကြိုးအတွက် အခက်အခဲဖြစ်နေတဲ့သူတွေများမှာပါ။ ကျွန်တော်ကိုယ်တိုင် (၃)ရက်လောက် အချိန်ကုန်ခံပြီးမှ ရလာတဲ့ အဖြေတစ်ခုပါ။  စလောင်းအကြောင်း ပြောမယ်-၂ Group နည်းပညာတွေ  မျှဝေပေးတဲ့ အကိုများအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အထူးသဖြင့် PSI Tools မျှဝေပေးတဲ့ ကိုအောင်သီဟ နှင့် Firmware မျှဝေပေးတဲ့ ကိုရန်ပိုင်ဦးကို ကျေးဇူး အထူးတင်ရှိပါတယ်။

အရင် PSI အတွက် Tools တွေနဲ့ Firmware ယူထားရအောင်

            Upgrade လုပ်ဖို့နဲ့ Logo ပြောင်းတဲ့ Tools ကို  ဒီမှာ နှိပ်ပြီး ယူဗျာ ။ AEC အတွက် Bin File ပါပြီးသားနော်။

OKX အတွက် Bin File ကို     https://www.dropbox.com/s/vztolthrbfp6y7o/OK%20X%20New%20Version%20.....bin?dl=0

 အောက်ကပုံအတိုင်း Desktop PC မှာ Serial Port (9 Pin) ပါတယ်ဆိုရင် တိုက်ရိုက် ဆက်လိုက်ရင်ရပါပြီ။  နောက်လာတဲ့ PC တွေမှာတော့  Serial Port မပါတော့တဲ့အတွက် USB ခေါင်း ပြောင်းဖို့အတွက်   USB to RS232 ကြိုးဝယ်မှ ရမှာပါ။

       Serial Port PC မှာ တပ်မဲ့ခေါင်းက Electronic Store ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ မရရင်တော့ ခဲနဲ့ တို့ပြီးတွဲပေါ့ဗျာ။

ကြိုးသုံးကြိုး သုံးမှာပါ။ PSI မှာ လေးကြိုးပါပေမယ့် တစ်ကြိုး မသုံးပါဘူး။





      PC မှာ Serial Port ပါရင်တော့ ဘာမှမလိုတော့ဘူး။ မပါရင်တော့  ဒီလို USB to RS232 ကြိုးဝယ်ရပါမယ်။  Com port က PC မှာ မပါလို့ USB ကို ပြောင်းတာဖြစ်ပါတယ်။ MDY မှာတော့ အင်းဝ ကွန်ပျုတာဆိုင်က ၀ယ်ထားတာပါ။ ဈေးမကြီးပါဘူး။ Driver CD တစ်ချပ်ပါပါတယ်။ 


PC Serial Port ခေါင်းနဲ့ ထပ်ဆက်ရပါမယ်။


ဒါကတော့ USB-RS232 နဲ့ PSI ကို Connection တွဲပုံဖြစ်ပါတယ်။ Serial 9-pin ခေါင်း ၀ယ်မရရင် ဒီလို တိုက်ရိုက်တွဲလိုက်ပါ။




အဲဒါသုံးမယ်ဆိုရင် Driver တင်တာ မှန်မှ ရမှာပါ။

 ဒီလို အ၀ါရောင် ပြနေရင် မရသေးပါဘူး။


ဒီလိုဆိုရင် ရပြီ။ 

ဒီနေရာမှာ Com Port အမှတ်ကို သေချာမှတ်ထားရပါမယ်။ တစ်ကယ်လို PC မှာ Serial Port ပါရင် COM1 ဒါမှမဟုတ် COM2 သုံးရပါမယ်။ USB သုံးမယ်ဆိုရင် အဲဒီမှာပေါ်နေတဲ့အတိုင်း COM5 သုံးပါမယ်။

ဒုတိယပိုင်း Firware တင်နည်း ဆက်ရေးပါမည်။

Credit-ကိုမင်းလွင် (ကန့်ဘလူ )

Monday, June 27, 2016

PSI AEC အတု (တရုတ်) ကို  OKX အစစ်   ပြောင်းမယ်         

PSI AEC အတု (တရုတ်) ကို OKx အစစ် ပြောင်းမယ်။

PSI AEC အတု (တရုတ်) ကို  OKX အစစ်   ပြောင်းမယ်

          PSI Aec စက်တွေ DVB လိုင်း အသံရပြီး၊ ရုပ်မလာတဲ့စက်၊ Firmware ကျသွားလို့ မီးလင်းပြီး Boot တက်မလာတဲ့ စက်တွေရှိပါတယ်။ ဒီစက်တွေကို ပြန်ကောင်းလာအောင် ကျွန်တော် သိသမျှလေးပြောပြပါမယ်။ အခြားနည်းလမ်းတွေလည်း ရှိနိုင်ပါတယ်။

         ကိုယ့်ရဲစက်ဟာ PSI Aec အစစ်လား၊ တရုတ်က ထုတ်တဲ့ အတု (Clone) လား ဆိုတာကို အရင်သိအောင် ကြိုးစားရပါမယ်။

         ဒီအချက်အလက်တွေကို ယှဉ်ကြည့်ပြီး ယေဘုယျ သဘော အတုအစစ် ခွဲကြည့်နိုင်ပါတယ်-





ကိုယ့်စက်က အစစ်ဆိုရင်တော့  OTA on ပြီး နောက်ဆုံး Version မြှင့်လိုက်တာနဲ့ရပါတယ်။

အတု ဆိုရင်တော့  OTA နဲ့ မြှင့်လို့မရပါ။ Version မြှင့်လိုက်တာနဲ့ စက်က လစ်သွားမှာပါ။

အရင်ဆုံး PSI စက်တွေကို 

             -  စက် to စက်ကူးခြင်း

             - PC ဖြင့် firmware တင်ခြင်း

             - Programmer ဖြင့် IC ဖြုတ်ကူးခြင်းတို့ကို တစ်ခုခုကို နားလည်အောင် လေ့လာထားစေချင်ပါတယ်။

ကိုယ့်စက်က အတုသေချာပြီ ဆိုရင်တော့  PSI Okx ကို ပြောင်းရပါမယ်။ 

               စက်အဖုံးကိုဖွင့် -


      အင်္နီဝိုင်းပြထားတဲ့ IC မှာ PSI logo ပါရင်တော့ အစစ်ပါ။  OTA on ပြီး Version မြှင့်ပေးလိုက်ပါ။ အစစ်က မီးလင်းပြီး Boot မတက်ရင်တော့ AEC version အနိမ့်တင်ပြီး OTA update ကို Run ပေးလိုက်ပါ။

     အနီဝိုင်းထားတဲ့ PSI logo မပါရင်တော့ အတုပေါ့။ အဲဒီ IC ကို ဖြုတ်လိုက်ပါ။ဖြုတ်ပြီးရင်တော့ အဲဒီစက်က PSI aec အတုကနေ PSI OKx  အစစ်ကြီး ဖြစ်သွားပါပြီ။ PSI aec အစစ်ကြီးကိုတော့ IC မဖြုတ်မိအောင်တော့ သတိထားပါ ခင်ဗျာ။

     ပြီးရင်  OKx Software version အဟောင်း ကို  ၁။ စက် to စက်   (၂) PC   (3) IC ဖြုတ်ကူး   အဆင်ပြေတဲ့ နည်းလမ်း တစ်ခုနဲ့ Firmware တင်ပေးလိုက်ရင် OK ပါပြီ။ စက် to စက် က စက်တိုင်း အဆင်မပြေပါ။ PC နဲ့ ဒါမှမဟုတ် IC ဖြုတ်ကူးတာက အားလုံးရပါတယ်။ PSI OK  အစစ်ဖြစ်သွားတဲ့အတွက် OTA on ပြီး Version မြှင့်လည်း ရပါတယ်။ ဒါပေမယ့် မြှင့်လိုက်မယ်ဆိုရင်တော့ Channel List ပြတဲ့ ပုံစံပြောင်းပြီး လိုင်းတွေ အစုံမပါ လိုင်းထည့်မရလို့ တစ်ချို့က မကြိုက်။  OTA off ထားတာ အကောင်းဆုံးပါခင်ဗျာ။

OKX အတွက် VERSION အနိမ့်ဖိုင်    ဒီမှာဒေါင်း

PC နဲ့ ကူးဖို့ Data Cable လုပ်နည်း   

http://minlwin-t4.blogspot.com/2015/06/psi-pc-firmware-making-rs-232-cable.html

PC နဲ့ Firmware တင်   

http://minlwin-t4.blogspot.com/2015/06/psi-pc-firmware.html

စက် to စက်  ကူးမယ်

http://minlwin-t4.blogspot.com/2015/07/psi-firmware.html

ကျေးဇူးပါခင်ဗျာ
ကိုမင်းလွင်ကန့်ဘလူမှကူးယူပါသည်။

 

Sunday, February 21, 2016

22 hz switch box ကိုဘယ်လိုသုံးမလဲ?

22 hz switch box ကိုဘယ်လိုသုံးမလဲ?
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျနော်တို့တွေက ဖမ်းစက် တစ်ခု ကို ဗန်းတစ်ခု ထိပ်ဖူး lnb တစ်ခုနဲ့ သုံးစွဲ
ခဲ့ရာမှ အလိုများသော လူတို့ သဘာဝအရ
ဖမ်းစက်တစ်ခုဖြင့်
ကွဲပြားသော frequency band (c/ku)ထိပ်ဖူးနှစ်ခုအား ချိတ်ဆက်လိုခြင်း
မတူညီသော ဂြိုလ်တု တည်နေရာsatellite position အရ
ဗန်းနှစ်ခုအား ဖြင့် ချိန်ဆက်လိုခြင်း စသည့်ဆန္ဒများကို
ဖြည့်ဆည်ည်းပေးရန် အတွက် switch များ အခန်းကဏ္ဍက အရေးပါလာခဲ့ပါသည်
စလောင်းကြိုးအတွင်းမှာ If freq များသယ်ယူနိုင်သလို
supply dc (0hz)ဗို့လ်စီးဆင်းနိင်သည်ကို သိရှိခဲ့ပြီးအခြား
ကြိမ်းနှုန်းပုံစံတစ်ခုဖြစ်တဲ့ 22 hz ကြိမ်နှုန်းများကိုပါ
သယ်ဆောင်နိုင်တာကို သိလာတဲ့အတွက်
22 hz ကို control လုပ်ပြီး ၂၂hz switch များကို အသုံးပြုလာခဲ့ကြပါတယ်
22 hz ကို အသုံးပြုပြီး ရိုးရိုး 22hz ရိုးရိုးswitch box မှ
၎င်း freq ကို အထူးပြုပြီး DiSEqC switching box အမျိုးမျိုးသို့
တိုးတက်လာခဲ့ပါတယ်
အခုပြောပြချင်တဲ့ အကြောင်းအရာကတော့ 22hz ရိုးရိုးswitch box
ကို အသုံးပြုတဲ့ နေရာမှာ ဘယ်နေရာမှသုံးသင့် ပြီး ဘယ်နေရာမှာ
မသုံးသင့်ဘူးဆိုတာလေးကို ရှင်းပြချင်တာပါ။
22hz ရိုးရိုးswitch box ကို ရိုးရိုး ku Lnb ထိပ်ဖူး (11300) အချင်းချင်း ၊
ရိုးရိုး ku နဲ့ c band lnb (8ပေထိပ်ဖူး) အကြားမှာပဲ အသုံးပြုဖို့
သင့်တော်ပါတယ်
ဒါကြောင့် စကိုင်းနက်ဖမ်းစက်ကို
အရင် စကိုင်းနက်ဗန်း (ရိုးရိုး 11300 ku lnb at thaicom 78.5E ဂြိုလ်တု)နဲ့
မြ၀တီ (C band (8)ပေ ထိပ်ဖူး at palarpaD 113E) ကို 22hz ရိုးရိုးswitch box
ခံပြီးအဆင်ပြေပြေ သုံးစွဲနိုင်ခဲ့ပါတယ်
ခုနောက်ပိုင်း စကိုင်းနက်က (76.5E apstar7)ဂြိုလ်တုကိုပြောင်းရွေ့ပြီး
ရိုးရိုး ku Lnb အစား universal ku Lnb ထိပ်ဖူးတွေပြောင်းသုံးလာပါတယ်
(စလောင်းဆြာတွေ အကြိုက်တွေ့ခဲ့တဲ့နေ့တွေကို မှတ်မိအုံးမယ်ထင်ပါတယ်ခ်ခ်)
အဲဒီမှာ စတွေ့တာပါပဲ
ဒီနေရာမှာ တော့ 22hz ကိုသုံးလို့မသင့်တော့ပါဘူး
ဘာဖြစ်လို့လဲဆိုတော့
universal ထိပ်ဖူးက L.O.freq 9750 နဲ့ 10600 ကို ရွေးချယ်နိုင်ဖို့
22hz switch ကို တခါတည်း အတွင်းမှာ တည်ဆောက်ပေးထားပါတယ်
ယူနီဗာဆယ် ထိပ်ဖူးနဲ့ တွဲသုံးဖို့ ဖမ်းစက်ရဲ့ anntener setting မှာ univer
sel ku mode ကို ပြောင်းလိုက်ပြီးဆိုတာနဲ့ 22hz option က disable
ဖြစ်သွားမှာပါ။ မိမိရိုက်ထည့်လိုက်တဲ့ tp freq အပေါ်မူတည်ပြီး ဖမ်းစက်က
22hz ကို on မလား off မလား ကို အော်တို ဆုံးဖြတ်ပြီး
ထိပ်ဖူးထဲက inter 22 hz switch ကို low band 9750 နဲ့ Hi band 10600 ရွေးခိုင်း
ပါတယ်၊
ဒီလို့အလုပ်လုပ်တာမို့ universel ထိပ်ဖူးနဲ့ 8ပေ စီထိပ်ဖူးအကြားမှာ ရိုးရိုး
22 hz switch ခံသုံးမယ်ဆိုရင် switch နှစ်ခု ဆင့်ခံထားသလို ဖြစ်တာကြောင့်
အဆင်မပြေတာကို တွေ့ရမှာပါ။
ဒီနေရာမှာ သုံးသင့်တာက DiSEqC 1.0, DiSEqC 1.1 switch တွေပါ။
အချုပ်ပြောရရင်တော့ မှတ်ရမှာက
================================
ရိုးရိုး ကေယူ တွေကြား
စီဘန်တွေကြားမှာဆိုရင်တော့ ရိုးရိုး 22 switch ကိုသုံးပါ။
universal lnb ဆိုရင်တော့ DiSEqC 1.0, DiSEqC 1.1 box တွေကိုသုံးပါ
ရိုးရိုး 22 switch ကိုမသုံးပါနဲ့
==================================

Tuesday, February 16, 2016

ဆရာတစ်ယောက်မဟုတ်ပါ

လိုအပ်သူများ အလိုရှိသူများ အသုံးပြုနိုင်စေရန်ရည်ရွယ်၍
တင်လိုက်ပါသည်။