PSI စက်အချင်းချင်း FIRMWARE ကူးမယ်
စက် to စက် ကူးဖို့ရာအတွက် Data Cable အရင် လုပ်ရပါမယ်။ PSI စက် Upload မှာ တပ်ဖို့ ခေါင်းတွေက လျှပ်စစ်ပစ္စည်းပြင်တဲ့ဆိုင်တွေမှာ ရှိပါတယ်။ 4 pin ပါတဲ့ခေါင်းရရင်တော့ OK ပေါ့။
PSI မှာတပ်မဲ့ Socket ကြိုးတွေကို တစ်ခြား စက်ပျက်
ကတ်ပျက်တွေကနေ ရနိုင်ပါတယ်။ ဒီကတ်မှာ 4 pin (၂) ခုရမှာဖြစ်တဲ့အတွက် စက် to စက် ကူးဖို့အတွက် ရပါပြီ။ ဒါကျွန်တော့ကိုယ်တိုင် လုပ်ထားတဲ့ ကြိုးပါ။
ကြိုးဆက်ရမဲ့ ပုံစံက
ပထမဆုံး PSI စက်(၂)လုံးကို Data cable တွဲလိုက်ပါ။ ကူးပေးမဲ့ မူရင်းစက် (Master) ကို ပလပ်ထိုးပါ။ ကျန်တဲ့ PSI ကို ပလပ် မထိုးပါနဲ့ဦး။ ပြီးရင် Menu နှိပ်ပါ၊ Input password ပေါ်လာရင် 0000 နှိပ်ပါ
System Setup ပြီးရင် Software Update
Upgrade မှာ P2P ထားမယ်။ Type မှာ ALL ထားပြီး Start မှာ OK နှိပ်လိုက်ပါ။
Retry ဆိုပြီး ပေါ်လာရင် Firmware လက်ခံမဲ့စက် (Slave) ကို ပလပ်ထိုးပေးလိုက်ပါ။
Transfering Data ဆိုပြီး ရာခိုင်နှုန်း 100 ထိ တက်သွားပါမယ်။
ဒါဆိုရင် ရပါပြီခင်ဗျာ။
Credit ဆရာကိုမင်းလွင် (ကန့်ဘလူ)









No comments:
Post a Comment