Sunday, February 21, 2016

22 hz switch box ကိုဘယ်လိုသုံးမလဲ?

22 hz switch box ကိုဘယ်လိုသုံးမလဲ?
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျနော်တို့တွေက ဖမ်းစက် တစ်ခု ကို ဗန်းတစ်ခု ထိပ်ဖူး lnb တစ်ခုနဲ့ သုံးစွဲ
ခဲ့ရာမှ အလိုများသော လူတို့ သဘာဝအရ
ဖမ်းစက်တစ်ခုဖြင့်
ကွဲပြားသော frequency band (c/ku)ထိပ်ဖူးနှစ်ခုအား ချိတ်ဆက်လိုခြင်း
မတူညီသော ဂြိုလ်တု တည်နေရာsatellite position အရ
ဗန်းနှစ်ခုအား ဖြင့် ချိန်ဆက်လိုခြင်း စသည့်ဆန္ဒများကို
ဖြည့်ဆည်ည်းပေးရန် အတွက် switch များ အခန်းကဏ္ဍက အရေးပါလာခဲ့ပါသည်
စလောင်းကြိုးအတွင်းမှာ If freq များသယ်ယူနိုင်သလို
supply dc (0hz)ဗို့လ်စီးဆင်းနိင်သည်ကို သိရှိခဲ့ပြီးအခြား
ကြိမ်းနှုန်းပုံစံတစ်ခုဖြစ်တဲ့ 22 hz ကြိမ်နှုန်းများကိုပါ
သယ်ဆောင်နိုင်တာကို သိလာတဲ့အတွက်
22 hz ကို control လုပ်ပြီး ၂၂hz switch များကို အသုံးပြုလာခဲ့ကြပါတယ်
22 hz ကို အသုံးပြုပြီး ရိုးရိုး 22hz ရိုးရိုးswitch box မှ
၎င်း freq ကို အထူးပြုပြီး DiSEqC switching box အမျိုးမျိုးသို့
တိုးတက်လာခဲ့ပါတယ်
အခုပြောပြချင်တဲ့ အကြောင်းအရာကတော့ 22hz ရိုးရိုးswitch box
ကို အသုံးပြုတဲ့ နေရာမှာ ဘယ်နေရာမှသုံးသင့် ပြီး ဘယ်နေရာမှာ
မသုံးသင့်ဘူးဆိုတာလေးကို ရှင်းပြချင်တာပါ။
22hz ရိုးရိုးswitch box ကို ရိုးရိုး ku Lnb ထိပ်ဖူး (11300) အချင်းချင်း ၊
ရိုးရိုး ku နဲ့ c band lnb (8ပေထိပ်ဖူး) အကြားမှာပဲ အသုံးပြုဖို့
သင့်တော်ပါတယ်
ဒါကြောင့် စကိုင်းနက်ဖမ်းစက်ကို
အရင် စကိုင်းနက်ဗန်း (ရိုးရိုး 11300 ku lnb at thaicom 78.5E ဂြိုလ်တု)နဲ့
မြ၀တီ (C band (8)ပေ ထိပ်ဖူး at palarpaD 113E) ကို 22hz ရိုးရိုးswitch box
ခံပြီးအဆင်ပြေပြေ သုံးစွဲနိုင်ခဲ့ပါတယ်
ခုနောက်ပိုင်း စကိုင်းနက်က (76.5E apstar7)ဂြိုလ်တုကိုပြောင်းရွေ့ပြီး
ရိုးရိုး ku Lnb အစား universal ku Lnb ထိပ်ဖူးတွေပြောင်းသုံးလာပါတယ်
(စလောင်းဆြာတွေ အကြိုက်တွေ့ခဲ့တဲ့နေ့တွေကို မှတ်မိအုံးမယ်ထင်ပါတယ်ခ်ခ်)
အဲဒီမှာ စတွေ့တာပါပဲ
ဒီနေရာမှာ တော့ 22hz ကိုသုံးလို့မသင့်တော့ပါဘူး
ဘာဖြစ်လို့လဲဆိုတော့
universal ထိပ်ဖူးက L.O.freq 9750 နဲ့ 10600 ကို ရွေးချယ်နိုင်ဖို့
22hz switch ကို တခါတည်း အတွင်းမှာ တည်ဆောက်ပေးထားပါတယ်
ယူနီဗာဆယ် ထိပ်ဖူးနဲ့ တွဲသုံးဖို့ ဖမ်းစက်ရဲ့ anntener setting မှာ univer
sel ku mode ကို ပြောင်းလိုက်ပြီးဆိုတာနဲ့ 22hz option က disable
ဖြစ်သွားမှာပါ။ မိမိရိုက်ထည့်လိုက်တဲ့ tp freq အပေါ်မူတည်ပြီး ဖမ်းစက်က
22hz ကို on မလား off မလား ကို အော်တို ဆုံးဖြတ်ပြီး
ထိပ်ဖူးထဲက inter 22 hz switch ကို low band 9750 နဲ့ Hi band 10600 ရွေးခိုင်း
ပါတယ်၊
ဒီလို့အလုပ်လုပ်တာမို့ universel ထိပ်ဖူးနဲ့ 8ပေ စီထိပ်ဖူးအကြားမှာ ရိုးရိုး
22 hz switch ခံသုံးမယ်ဆိုရင် switch နှစ်ခု ဆင့်ခံထားသလို ဖြစ်တာကြောင့်
အဆင်မပြေတာကို တွေ့ရမှာပါ။
ဒီနေရာမှာ သုံးသင့်တာက DiSEqC 1.0, DiSEqC 1.1 switch တွေပါ။
အချုပ်ပြောရရင်တော့ မှတ်ရမှာက
================================
ရိုးရိုး ကေယူ တွေကြား
စီဘန်တွေကြားမှာဆိုရင်တော့ ရိုးရိုး 22 switch ကိုသုံးပါ။
universal lnb ဆိုရင်တော့ DiSEqC 1.0, DiSEqC 1.1 box တွေကိုသုံးပါ
ရိုးရိုး 22 switch ကိုမသုံးပါနဲ့
==================================

No comments:

Post a Comment