Wednesday, November 29, 2023

သူတော်ကောင်းတရား(၇)ပါး

လူတိုင်းလူတိုင်း သူတော်ကောင်း ဖြစ်လိုကြသည်သာ ဖြစ်၏။ အနည်းဆုံး သူတော်ကောင်းဟု အထင်ခံလိုသူချည်းပင် ဖြစ်၏။ ၎င်းအပြင် သူတော်ကောင်းများနှင့်သာ ပေါင်းသင်းဆက်ဆံလိုကြသည်လည်း ဖြစ်၏။ ဗုဒ္ဓမြတ်စွာဘုရားသည် သူတော်ကောင်းဖြစ်ရန် အချက်ခုနစ်ချက် (တစ်နည်းအားဖြင့် သူတော်ကောင်းတရား ခုနစ်ပါး) ကို ဟောကြားတော်မူခဲ့သည်။ ယင်းသူတော်ကောင်းတရား ခုနစ်ပါးမှာ (၁) ယုံကြည်ခြင်း- သဒ္ဓါ၊ (၂) ကိုယ်နှုတ်စောင့်စည်းခြင်း- သီလ၊ (၃) မကောင်းမှု ဒုစရိုက်ပြုမှုကို ရှက်ခြင်း- ဟိရီ၊ (၄) မကောင်းမှု ဒုစရိုက်ပြုမှုကို ကြောက်ခြင်း- သြတ္တပ္ပ၊ (၅) အကြားအမြင်ရှိခြင်း- သုတ၊ (၆) စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း- စာဂနှင့် (၇) ဟုတ်မှန်စွာသိခြင်း- ပညာတို့ ဖြစ်ကြသည်။

ယုံကြည်ခြင်းဟူသည် ဘုရား၊ တရား၊ သံဃာကို ယုံကြည်ခြင်း၊ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်းတို့ဖြစ်သည်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်မှသာ အမှန်တရားကို ခွဲခြားသိမြင်နိုင်မည်။ ဘဝခရီးကို လျှောက်လှမ်းရာ၌ ဆူးငြောင့်ခလုတ် ကန်သင်းတို့ကို ရှောင်ရှားနိုင်မည်။ လိုရာခရီးပန်းတိုင်ကို ကောင်းစွာရောက်ရှိနိုင်မည် ဖြစ်သည်။ ထို့ပြင် ကံ- ကံ၏အကျိုးကို ယုံကြည်မှသာလျှင် မကောင်းမှုကိုရှောင်၍ ကောင်းမှုကို ဆောင်နိုင်မည် ဖြစ်သည်။ မျက်မှောက်ဘဝတွင် ကောင်းကျိုးချမ်းသာကိုရရှိ၍ တမလွန်ဘဝတွင် ကောင်းမြတ်သော သုဂတိဘုံဘဝများသို့ ရောက်နိုင်ပေသည်။ ဗုဒ္ဓမြတ်စွာဘုရားက သဒ္ဓါတရားသည် အထောက်အကူကောင်းရစေသော အဖော်ကောင်းနှင့်တူသည်။ ကုသိုလ်အမျိုးမျိုးကို ရယူနိုင်သောလက်နှင့် တူသည်။ လိုရာသုံးစွဲနိုင်သော ပစ္စည်းဥစ္စာရတနာများနှင့် တူသည်။ အသီးအနှံကောင်းများကို ဖြစ်ထွန်းစေသော မျိုးစေ့ကောင်းများနှင့် တူသည်ဟု ဟောကြားတော်မူခဲ့သည်။

ကိုယ်နှုတ်စောင့်စည်းခြင်းဟူသော သီလတရား၌ အခြေခံဖြစ်သည့်  “သူ့အသက်ကို မသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူမှုမပြုခြင်း၊ သူတစ်ပါး သားမယား သားသမီးများကို မဖျက်ဆီးခြင်း၊ လိမ်လည်ပြောဆိုမှုမပြုခြင်းနှင့် အရက်သေစာမသောက်စားခြင်း” တည်းဟူသော ငါးပါးသီလအပြင် ရှစ်ပါးသီလ၊ ကိုးပါးသီလနှင့် ဆယ်ပါးသီလ စသည်တို့လည်း ရှိသေးသည်။ သီလရှိမှ သီလစင်ကြယ်မှသာ ကောင်းကျိုးချမ်းသာကို ရရှိနိုင်ပေမည်။ သီလသည် နိဗ္ဗာန်ရောက်ကြောင်း အခြေခံကောင်းတစ်ရပ်ဖြစ်၍ သူတော်ကောင်းတရား၌ တစ်ပါးအဖြစ် ပါဝင်ခြင်းဖြစ်သည်။

မကောင်းမှုဒုစရိုက်ပြုမှုကို ရှက်ခြင်းဟူသည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတစ်ပါး သားမယား သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း အစရှိသော မကောင်းမှုဒုစရိုက်တို့ကိုပြုရန် ရှက်ခြင်းပင်ဖြစ်သည်။

မကောင်းမှုဒုစရိုက်ပြုမှုကို ကြောက်ခြင်းဟူသည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ သူတစ်ပါး သားမယား သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းစသော မကောင်းမှုဒုစရိုက် ၁၀ ပါးတို့ကို ပြုရန် ကြောက်ခြင်းပင် ဖြစ်သည်။

အကြားအမြင်ရှိခြင်းဟူသည် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပိဋကတ်တော်တို့ကို သင်ကြားတတ်မြောက်မှု၊ သိရှိနားလည်မှုများပင် ဖြစ်သည်။ ယင်းတို့ကို သိရှိနားလည်မှသာ နည်းလမ်းမှန်ကန်စွာ ကျင့်ကြံအားထုတ်နိုင်ကြမည် ဖြစ်သည်။ တရားနာခြင်း၊ ဗုဒ္ဓစာပေများ ဖတ်ရှုလေ့လာခြင်း စသည်တို့သည် အကြားအမြင်ရရာရကြောင်းတွင် ပါဝင်သည်။

စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဟူသည် ရဟန်းသံဃာတော်များနှင့် သီလရှင်စသော သူတော်စင်တို့ကိုလည်းကောင်း၊ ဆွေမျိုးမိဘစသည်တို့ကိုလည်းကောင်း၊ ပစ္စည်းဥစ္စာ နွမ်းပါးသူတို့ကိုလည်းကောင်း စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းပင် ဖြစ်သည်။

ဟုတ်မှန်စွာသိခြင်းဟူသည် ဆင်းရဲကြောင်း ဟုတ်မဟုတ်၊ ချမ်းသာကြောင်း ဟုတ် မဟုတ်ကို သိသော ဉာဏ်ပညာနှင့် ဤဘဝအတွက် အကျိုးရှိမရှိ၊ နောင်ဘဝများအတွက် အကျိုးရှိမရှိ စသည်တို့ကို သိတတ်သော ဉာဏ်ပညာပင် ဖြစ်သည်။

ထို့ကြောင့် ဤသူတော်ကောင်းတရား ခုနစ်ပါးကို လိုက်နာကျင့်ကြံပွားများအား ထုတ်ခြင်းဖြင့် သူတော်ကောင်းဘဝကို တက်လှမ်းနိုင်ကြပါစေ။

Thursday, October 19, 2023

ဆုတောင်း ဆုပေး

ဆုပေး

အလှူခံဆုပေး

သဒ္ဓါသီလ သုတပြည့်ဖြိုး ဂုဏ်တန်ခိုးလည်း အမျိုးလေးဖော် သတင်း ကျော်လျှက် သူတော်တို့နှုန်း ကျင့်ထုံးတရား အမှားမလိုက် စရိုက်စင်ဖြူ အလှူရေစက် လက်နှင့်မကွာ
ရှစ်ဖြာဥပုသ် မယုတ်ကြိုးစား လေးပါးဗြဟ္မစိုရ် ရွန်းရွှန်းစိုသည် ကုသိုလ်ကိုယ်လုံးထုံစေသော်ဝ်။

အလှူခံဆုပေး

သုံးလူ့ထွဋ်မြတ်ဘဂဝါ၏ ဇာတ်သာဓကရင်းအ‌‌ခြေခံ၍မို့
မင်းဝေဿန် မဒီ အလှတို့လို ကြည်ဟာဒယ ဝံ့ရဲစွာဖြင့်
စွန့်ကြဲကာ သဒ္ဓါမျှကြ သော ဒါယိကာ ဒါယိကာမ အ‌လှူ့ရှင်တို့မှာ အတုမမြင်အဘက်မရနိုင်ပဲ အနဂ္ဃအကျိုးစုံပြီးလျှင် တန်ခိုးဂုဏ် သိဒ္ဓိဗလတို့နှင့် စိတ်ရှိသမျှအကြံ‌ အောင်၍‌‌ေခမာသောင်ကမ်းတစ်ဘက် လှမ်းတက်တော်မူနိုင်ကြပါ စေ ခင်ဗျား

အလှူခံဆုပေး

ဘဝါဘဝပြောင်းကာကြွ   ကောင်းရာတမျှသုဂတိဘုံသို့ ယခုပြည့်စုံမကြာရအောင် အသပြာဓနပေါကြွယ်ဝသည့် ဇောတိက အနာထပိဏ်တို့လို ရတနာစိန်‌ဌေးကြွယ်ဝပြီးလျှင်  ဘေးအသွယ်မခ အသွင်ပမာတူပေသော ရှင်ပါကူ ရောဂါ ကင်းဘိသကဲ့သို့ ဩဘာသတင်း မြေအက်ကြွလောက်အောင် ဧတဒဂ်ရ ရှင်သာရိပုတ္တရာ ဆုအဟုန်ရကြ၍ လူ့ဘုံမှအလျှံပြည့်‌ဝေမှအပြင် အန္တိမေ အဆက်မပွားပဲ မဂ်တရားစောစွာကြံ၍
သောတာပန်ဖြစ်တော်မူနိုင်ကြပါစေ ခင်ဗျား

Monday, October 16, 2023

အလှူခံဆုပေး။

သိမှတ်စရာ ဘုရားစကားများကြားပြီး 
ဝိပဿနာတရားပွါးများအားထုပ်ကာ 
ဂုဏ်အင်လျှံ၍ ဗိမ္မာန်စဉ်
ဘုံစဉ်စံ ၍ နိဗ္ဗာန်ဝင်နိုင်ကြပါစေ။   ။

အလှူခံဆုပေးတို

စိတ်သွားရာ ကိုယ်ပါ လိုရာဆန္ဒ ပြည့်ဝေလွှမ်းလို့
နိဗ္ဗူတာ မဂ်စခန်း တက်လှမ်းနိုင်ကြပါစေ

အလှူခံဆုပေးအတို

အပါယ်တံခါးပိတ်ကာ စိတ်အကြံ အောင်၍ နိဗ္ဗာန်အောင်မြို့ ဖောင်ကူးတို့ ဆိုက်ကပ်ရပ်နားနိုင်ကြပါစေ 

အလှူခံဆုပေး

သဒ္ဓါနှင့်ပညာ ရှင်မကွာပူးတွဲ၍ ထူးကဲသာ ဒါနအဟုန်တို့ကောင့် ကာမဘုံဝဋ်အတွင်းမှ လွတ်ကင်းတော်မူနိုင်ကြပါစ ခင်ဗျား

Thursday, October 12, 2023

အလှူခံဆုပေး

ဒါနဉ္စကျမ်းဂန်လာသည့်အတိုင်း လမ်းမှန်မကွာဓမ္မက္ခန်ရှိသမျှ
သဒ္ဓါအခြေကောင်းပေသော ပဏ္ဍိတသာမဏေလောင်း
သဒ္ဓါမယုတ်ပါသည့် မဟာဒုတ်၏ မြတ်သမျှအလှူကို
ကဿပ တစ်ဆူ မြသပိတ်ရတော့မှ ဓနကိစ္စအသပြာတိုးသည့်အတိုင်း ရတနာ ရွှေငွေမိုးကြီးရွာသွန်းနိုင်ကြပါစေ ခင်ဗျား

Tuesday, October 10, 2023

အလှူခံဆုပေး

ယခုတိုင်‌ပြောပြစရာမို့ 
ဂေါတမဘဂဝါယာပထပ်ဖြင့်
ဟောပြကာမကွာမလပ်ဘဲ 
ဝါကပ်တော်မူလောက်အောင်    
လှူဆောက်သောကျောင်းဒကာ
အနာထပိဏ်တို့လို 
သဒ္ဓါဝရဇိန်မထောင့်ရှာများသဖြင့် ‌ 
ဖြောင့်သမ္မာတရားရည်စိတ်ကြံမှန်းသည့်အတိုင်း 
ပြည်နိဗ္ဗာန်လမ်း ဖွင့်တော်မူနိုင်ကြပါစေ ခင်ဗျား။   ။

အလှူခံဆုပေး

ဘုန်းသမ္ဘာလှိုင်ကာ ဖြိုးဝေတက်ကြွ တန်ခိုးဧတဒဂ်ရတဲ့
မောဂ္ဂလန်မထေရ်လို ရောက်ရန်အလီလီပါရမီစုံသို့မို့ မဟာပြည်ဘုံနိဗ္ဗာန်နဂိုရ် သို့ စိတ်ကြံသလို ရောက်တော်မူနိုင်ကြပါစေ ခင်ဗျား

Friday, October 6, 2023

‌"မြို့ဦးစေတီတော်" ရေကြည်မြို့နယ် ရေကြည်မြို့

နေ့စဉ်နှင့်အမျှ တွေ့မြင်နေရတဲ့ ........…...စေတီတော်ကြီး
တဆင့်ထက်တဆင့် မြင့်သထက်မြင်လာသကဲ့သို့ အလှုရှင်များရဲ့ စေတနာသဒ္ဓါတရား၏ ကုသိုလ်အရှိန်အဟုန်တို့သည်လည်း
တင့်သထက်တင့် ရင့်သထက်ရင့် ကာဖြင့် ဒါနအကျိုးတရားပြည့်စုံစွာ ရကြပြီး နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေ။ ။

အလှူခံဆုပေး

ကြည်သဒ္ဓါပိုလှ၍ ပြည်ရာဇဂြိုလ်တွင် ဒါနအစဉ်ပွါးပေသော
ကာကလင်မယားသူဌေးတံဆိပ်ရကြသလို ရှေးအတိတ်ဘဝကကုသလဓမ္မံကို ယခုဘဝတဖန်ဆက်ကာပေးရင်ဖြင့်  ရက်ကြာမနှေးဒါနရှင်များမှာ ကာကလင်မယားထီးရှိန်မော်သည့်အတိုင်း စည်းစိမ်တော်ခံစားရပြီး ဓမ္မက္ခန်တရားမနသီစိတ်ကြံ၍ ပြည်နိဗ္ဗာန် အထက်ငြမ်း တက်လှမ်းတော်မူနိုင်ကြပါစေ။

အလှူခံဆုပေး

တကာအများဝယ်  သဒ္ဓါတရားကြွယ်အရှိများကြောင့်
အသိတရားများပြီး မရှိစကားမကြားရတဲ့ အရှင်အနုရုဒ္ဓါ  ကဲ့သို့ နောက်ဆုံးဘဝ ပိုင်ဆိုင်ကြပြီး ကြိုင်လှိုင်စွာ‌ဂုဏ်သတင်းမွှေးပျံ့လို့  တမဟုတ်ချင်းကိစ္စအဝဝတို့သည်
ဒိဋ္ဌဓမ္မဝေဒနိယအကျိုးများ‌  ပေးကာ ရရှိနိုင်ကြပါစေ

အလှူခံဆုပေး

လောင်းဝေဿန်ထုံးပမာစ  သုံးဒါန သဘောညီ၍မို့  စောဇိနနောင်ပရမေကို နောင်မသွေဖူးကာသပြီးလျှင် ဦးစွာပထမ ဓမ္မစကြာတရားနာရအောင် မဂ်အမတာ ဖောင်ယာဉ်ပျံရွက်ဦးတိုက်လို့မို့ ထွက်ကူးလိုက်တော်မူနိုင်ကြပါစေခင်ဗျား.....။

Monday, August 21, 2023

အလှူခံဆုပေး

.........စေတီ နာမမည်သား မြတ်ဘုရားအား ဂါရဝတရား ဦးညွတ်ထားကာ လှူဒါန်းပါရ ဤဒါန‌ကြောင့် လာဘပြည်စုံ
ကုံလုံကြွယ်ဝ လိုရာရလျှက် မပျက်စီးပွါး စည်းစိမ်များကာ
ဒါနမှစ သီလမချန် ဘာဝနာလျံပြီး စိတ်ကြံမှန်းထောက်ရုံနဲ့
နိဗ္ဗ‌ာန်လမ်းလျှောက်နိုင်ကြပါစေ။ ။။

အလှူခံဆုပေး

စေတီတော်ကြီးရဲ့ ‌အဟောင်းပြုပြင်ပွဲမှာ  ကောင်းမှုယှဉ်တွဲပါသဖြင့်  အစဉ်မမြဲ သင်္ခါရကို ဉာဏ်မျက်စေ့နှင့်သိမြင်ကြ၍  ပြောသမျှကြံသမျှ‌ ချောပြီး သောတပန်ဘဝစောစီးစွာရကြလို့  နိဗ္ဗူတာမြတ်‌ကမ်းခေမာအား လျှင်မြန်စွာဆိုက်ကပ်ရပ်နားနိုင်ကြပါစေ

Saturday, July 29, 2023

အလှူခံဆုပေး

ဒါနံ သဂ္ဂဿ သောပါနံ ဒါနံ ပါထေယျမုတ္တမံ။
ဒါနံဥဇုဂတံ မဂ္ဂံ ဒါနံ မောက္ခပဒံ ဝရံ။

ဒါနံ - ပစ္စည်းနှင့်တဏှာအတွင်ကွာ၍ သဒ္ဓါရှေ့ပြေးအလှူပေးခြင်းသည်
သဂ္ဂဿ -ကောင်းကျိုးနှင့်စည်းစိမ်ကို မြိန်မြိန်ကြီးခံစား၍ ပျော်ပါးနေထိုင်ရာ နတ်ခြောက်ရွာ၏။
သောပါနံ -အမြန်ရောက် ကြောင်း ဇောင်းတန်းလှေခါးကြီး မည်ပါပေ၏။
ဒါနံ - အရာရာမှာ သူပါမှ အေးမည်ဟု တွေးမိတိုင်းသဒ္ဓါတိုးတဲ့ဒါနမျိုးသည်
မုတ္တမံ - အမြင့်နှင့်အမြတ်မှာ ဓာတ်သင့်ကာအမျိုးမှန်၍ အဖိုးတန်လက်ဟောင်းအလွန့်အလွန်ကောင်းလှသော 
ပါထေယျံ - ရိက္ခာထုပ်ကြီး မည်ပါပေ၏။
ဒါနံ - ဘုရားအလောင်း သူတော်ကောင်းတို့၏ ထုံးဟောင်းကျင့်ရိုး ဒါနမျိုးသည်
ဥဇုဂတံမဂ္ဂံ - မကွေ့မကောက်ဖြောင့်ဖြောင့်ခရီး သုဂတိ လမ်းမကြီးမည်ပါပေ၏
ဒါနံ - လှူဒါန်းပေးကမ်းခြင်းဆိုတဲ့ဒါနတရားသည် 
ဝရံ - ဘယ်စည်းစိမ်ဘယ်ချမ်းသာတို့နှင့်မျှ နှိုင်းဆ၍မရ လွန်ကဲမြင့်မြတ်လှသော
မောက္ခပဒံ - သံသရာဝဋ်လမ်းမှ ကျွတ်တန်းဝင်ရန်အခြေခံလောက်လုံ၍ အကြောင်းပြည့်စုံလေတော့တည်း။


ဓမ္မဒါနအလှူရှင် - ကွယ်လွန်သူ ဖခင်ကြီး ဦးမြင့်ရွှေ အားရည်စူး၍
မောင်ခင်ဇော်ထွန်း+မသင်းသင်းစိုး သမီး မချစ်ဆုဝေ
သား မောင်စွမ်းရည်ထက် မိသားစု ရေကြည်မြို့

အာရုံကြောအားဆေး

အာရုံကြောအားဆေး..
🙏🙏🙏🙏🙏🙏

#ဆေးနည်းလင်္ကာ

ကြက် သံ ပျား နွေး ဖီး စားပေး၊
အားဆေးတစ်ခွက်ပါ။
လိုလျင်တစ်ခွက်၊မြန်စွာနှက်၊
အိပ်စက်နားလိုက်ပါ။
တစ်ရေးသော်နိုး၊အားပြည့်ဖြိုး၊
စွမ်းတိုးလန်းဆန်းဖြာ။
လူကြီးမိဘ၊သောက်ပါက၊
ကျန်းမာပေါ့ပါးလာ။
နုံးချိမောပန်း၊သူ့အစွမ်း၊
လန်းဆန်းအားပြည့်လာ။
သွေးကြောလေကြော၊အာရုံကြော၊
စောလျဉ်အားပြည့်လာ။

ကြက်= မည်သည့်ကြက်ဥမဆိုအစိမ်းတစ်လုံး၊
သံ     = သံပုရာသီးအလုံးကြီးတစ်လုံးအရည်၊
ပျား   = ပျားရည်ဟင်းစားဇွန်းတစ်ဇွန်း၊
နွေး    = ရေနွေးအဖြူအပူအကြမ်းပန်းကန်တစ်
             ဝက်။
ဖီး။    =ဖီးကြမ်းဌင်ပျောသီး

အထက်ပါလေးမျိုးကိုထည့်ပြီးသမအောင်ရော
မွှေပါ။ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံးကို
ရောထည့်မွှေ၍ဖြစ်စေ၊သူ့ချည်းသက်သက်ဦး
စွာစားပြီးပါကအထက်ပါဆေးရည်ကိုသောက်
ပြီးအနားယူလိုက်ပါကမကြာမီအားပြန်ပြည့်လာ
ပါမည်။

မိမိ၏ကိုယ်ခံစွမ်းအားပေါ်မူတည်၍နေ့စဉ်ဖြစ်
စေ၊တစ်ရက်ခြားဖြစ်စေသောက်သုံးနိုင်ပါသည်။
လိုအပ်သလိုအရေးပေါ်အားဆေးအနေဖြင့်သုံး
ဆောင်နိုင်ပါသည်။

ဤဆေးတွင်ပျားရည်ပါခြင်းကြောင့်အပူကန်
တတ်ပါ၍ရေဝဝချိုးပေးရန်လိုအပ်ပါသည်။
ရေချိုးပြီးပါကပို၍နေထိုင်ကောင်းလာပါလိမ့်
မည်။

ခန္ဓာကိုယ်အတွင်းအပူအားကြီးသူများနှင့်
ကိုယ်ဝန်ဆောင်မိခင်များသုံးဆောင်ပါက
ပျားရည်ကိုဟင်းစားဇွန်းတစ်ဇွန်းမသုံးသင့်ပါ။
လဘက်ရည်ဇွန်းတစ်ဇွန်းစာသာထည့်၍သုံး
ဆောင်သင့်ပါသည်။

မူရင်းအား Credit ပေပါသည်....

အလှူခံဆုပေး

ဘဂဝါဘုရားထံ သ‌ဒ္ဓါတရားသန် စိတ်စေတနာအလှကြောင့်
ဝေဒနာသွေခွာပ ပြီး 
ငွေအသပြာ ကုဋေကဋာဝေဆာဖြိုးမောက်လျှံ၍  
တန်ခိုးတောက်အခြံအရံများကာ အဖန်ဖန်သုခခံစားရလို့ သိကြားမ၍အဓိဌာန်ဆင်
တရားရ၍နိဗ္ဗာန်ဝင်နိုင်ကြပါစေခင်ဗျား.....။

အလှူခံဆုပေး

ထူးမြတ်‌‌ေသာသဒ္ဓါအကျိုးတရားကြောင့် တိုးပွားနောက်ပါအခြံရံများပြီး  အဖန်ဖန်ချမ်းသာခြင်းဂုဏ် နဲ့   ကျန်းမာလန်းဖြာခြင်းအစုံ အပြုံးဖက်လို့
သုံးမဂ်သုံးဖိုလ်ပြီးမြောက်ကာ ခရီးမထောက်ပဲယာဉ်ပျံပမာဖြင့် လျှင်မြန်စွာ နိဗ္ဗာန်သို့ ဝင်နိုင်ကြပါစေ ခင်ဗျား