ဒါနံ သဂ္ဂဿ သောပါနံ ဒါနံ ပါထေယျမုတ္တမံ။
ဒါနံဥဇုဂတံ မဂ္ဂံ ဒါနံ မောက္ခပဒံ ဝရံ။
ဒါနံ - ပစ္စည်းနှင့်တဏှာအတွင်ကွာ၍ သဒ္ဓါရှေ့ပြေးအလှူပေးခြင်းသည်
သဂ္ဂဿ -ကောင်းကျိုးနှင့်စည်းစိမ်ကို မြိန်မြိန်ကြီးခံစား၍ ပျော်ပါးနေထိုင်ရာ နတ်ခြောက်ရွာ၏။
သောပါနံ -အမြန်ရောက် ကြောင်း ဇောင်းတန်းလှေခါးကြီး မည်ပါပေ၏။
ဒါနံ - အရာရာမှာ သူပါမှ အေးမည်ဟု တွေးမိတိုင်းသဒ္ဓါတိုးတဲ့ဒါနမျိုးသည်
မုတ္တမံ - အမြင့်နှင့်အမြတ်မှာ ဓာတ်သင့်ကာအမျိုးမှန်၍ အဖိုးတန်လက်ဟောင်းအလွန့်အလွန်ကောင်းလှသော
ပါထေယျံ - ရိက္ခာထုပ်ကြီး မည်ပါပေ၏။
ဒါနံ - ဘုရားအလောင်း သူတော်ကောင်းတို့၏ ထုံးဟောင်းကျင့်ရိုး ဒါနမျိုးသည်
ဥဇုဂတံမဂ္ဂံ - မကွေ့မကောက်ဖြောင့်ဖြောင့်ခရီး သုဂတိ လမ်းမကြီးမည်ပါပေ၏
ဒါနံ - လှူဒါန်းပေးကမ်းခြင်းဆိုတဲ့ဒါနတရားသည်
ဝရံ - ဘယ်စည်းစိမ်ဘယ်ချမ်းသာတို့နှင့်မျှ နှိုင်းဆ၍မရ လွန်ကဲမြင့်မြတ်လှသော
မောက္ခပဒံ - သံသရာဝဋ်လမ်းမှ ကျွတ်တန်းဝင်ရန်အခြေခံလောက်လုံ၍ အကြောင်းပြည့်စုံလေတော့တည်း။
ဓမ္မဒါနအလှူရှင် - ကွယ်လွန်သူ ဖခင်ကြီး ဦးမြင့်ရွှေ အားရည်စူး၍
မောင်ခင်ဇော်ထွန်း+မသင်းသင်းစိုး သမီး မချစ်ဆုဝေ
သား မောင်စွမ်းရည်ထက် မိသားစု ရေကြည်မြို့
No comments:
Post a Comment